Tara's International School

banner_image

Gu Guu က တီချယ်ကို ဒီနေ့ ဘာမေးလိုက်လဲ သိလား? ❞

20/06/2026

ဒီနေ့ အတန်းချိန်မှာ Gu Guu က ပြတင်းပေါက်အပြင်ဘက်က ငှက်ကလေးတွေကို ငေးကြည့်နေရင်း တီချယ်ကို ရုတ်တရက် မေးလိုက်တယ်… “တီချယ်… ငှက်တွေက School တက်စရာ မလိုဘူးလားဟင်?” 🥺 တီချယ်က ရယ်ရင်း ပြန်ဖြေတယ်… “ငှက်ကလေးတွေက School ဘယ်လိုတက်လို့ ရမှာလဲ Gu Guu ရဲ့…” 😄 ခဏလောက် ငြိမ်သွားတဲ့ Gu Guu က တီချယ်ကို အလေးအနက်ထားပြီး ပြန်ပြောလိုက်တယ်… “ဒါဆို… ငှက်ကလေးတွေကို စာမသင်ပေးရင် Gu Guu ကို ငှက်စကား သင်ပေးလိုက်လေ… မေမေတို့ပြောတာကြားဖူးတယ် Gu Guu တို့ရဲ့ ဘိုးဘိုးဘွားဘွားတွေခေတ်က ငှက်စကားပြောတတ်တယ်တဲ့။ သူတို့ကိုလည်း သူတို့ တီချယ်တွေက သင်ပေးထားလို့ပေါ့။” 😣 Gu Guu အဲ့လိုပြောတော့ တီချယ်က ရယ်ပြီးပြန်ပြောတယ်။ ” ရှေးလူကြီးတွေက ငှက်စရာပြောတတ်တာ ဟုတ်ဘူး Gu Guu လေးရဲ့။ သူတို့က ငှက်တွေရဲ့စကားကို နားလည်တာ…” တကယ်တော့ ကလေးတွေရဲ့ ကမ္ဘာက လူကြီးတွေထင်တာထက် ပိုပြီး အံ့ဩဖို့ကောင်းပါတယ်။ သူတို့ရဲ့ မေးခွန်းလေးတွေ၊ စိတ်ကူးလေးတွေ၊ အတွေးလေးတွေက တစ်ခါတလေ ရယ်စရာကောင်းသလို တစ်ခါတလေကျတော့လည်း သူတို့ဆီက ပြန်ပြီး သင်ယူလိုက်ရတာတွေရှိတယ်။🌈✨ ဒါကြောင့် Tara’s International School မှာတော့ ကလေးတွေရဲ့ မေးခွန်းတိုင်းကို တန်ဖိုးထားပါတယ်။ ဘာလို့လဲဆိုတော့…ကလေးတစ်ယောက်ရဲ့ စူးစမ်းလိုစိတ်က အနာဂတ်သင်ယူမှုတွေရဲ့ အစဖြစ်လို့ပါပဲ။ 🌱💡 ဒါပေမယ့် Gu Guu ကတော့ အခုထိ ယုံကြည်နေတုန်းပဲ… တစ်နေ့နေ့တော့ ငှက်စကား ပြောတတ်စေရမယ်ဆိုပြီး! 🐧🐦