Tara's International School

banner_image

❝ Gu Guu ကျောင်းပြန်တက်တဲ့ ပထမနေ့ ❞

01/06/2026

Gu Guu ကျောင်းစတက်ရတဲ့ ပထမနေ့ကပေါ့။


မေမေကမေးတယ် ပထမ ဦးဆုံးရက်မှာ ပျော်လားတဲ့။


ဘယ်မေးကောင်းမလဲ? Gu Guu ကျောင်းမှာ အရမ်းပျော်တာပေါ့မေမေရယ်…😁


ကျောင်းပြန်ဖွင့်တဲ့ ပထမနေ့မှာ Gu Guu က သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတယ်၊ ချစ်ရတဲ့ တီချယ်တွေနဲ့လည်း ပြန်ဆုံရတယ်။ ပြီးတော့ Gu Guu သူငယ်ချင်းအသစ်တွေလည်း အများကြီးရခဲ့တယ်လေ…👭🏻


Gu Guu ကလည်း ဘယ်ရမလဲ ဖေဖေ၊ မေမေတို့ ထည့်ပေးလိုက်တဲ့ မုန့်လေးတွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှစားခဲ့တာပေါ့။ Gu Guu က သူငယ်ချင်းတွေကိုချစ်တာကိုး။🐧


တီချယ်တို့ကလည်း သင်ပေးထားတယ် လိမ်မာတဲ့ကလေးက စိတ်ကောင်းမွေးရမယ်တဲ့။ အဲ့ဒါမို့ နောက်နေ့တွေကျရင်လည်း မုန့်တွေများကြီထည့်ပေးနော် မေမေ…😚


ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ စာတော်ဖို့တင် မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတတ်ဖို့၊ မျှဝေတတ်ဖို့၊ ဂရုစိုက်တတ်ဖို့ဆိုတဲ့ စိတ်ထားလေးတွေကိုပါ သင်ယူရင်း ကြီးပြင်းလာဖို့ လိုအပ်ပါတယ်။ 🌱 Tara’s International School မှာတော့ ကလေးတိုင်းကို ပညာရေးသာမက လူမှုဆက်ဆံရေး၊ ကိုယ်ကျင့်တရားနဲ့ ကောင်းမွန်တဲ့ စိတ်ထားလေးတွေပါ တစ်ပါတည်း ပျိုးထောင်ပေးလျက်ရှိပါတယ်။ 🌟


ဒါကြောင့် Gu Guu တို့ရဲ့ ကျောင်းသားဘဝလေး ပျော်ရွှင်လှပဖို့ Tara’s international School က အမြဲအတူရှိနေမှာပါနော်… 💕