Tara's International School

banner_image

သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေး ကြိုတင်ကာကွယ်တားဆီးပေး ✨

06/09/2026

ဖေဖေ၊ မေမေတို့ရေ…


​မိုးတွင်းကာလနဲ့ ရာသီဥတုအကူးအပြောင်းမှာ သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ဖို့အတွက် Bright Star English School ရဲ့ ကျောင်းဝင်းအတွင်း ဒုတိယအကြိမ်မြောက် ခြင်ဆေးဖျန်းခြင်း (Fogging) ကို ထပ်မံဆောင်ရွက်ပြီးစီးသွားပါပြီနော်။🤗


​ကျောင်းသား၊ ကျောင်းသူလေးတွေအားလုံး ခြင်၊ ယင်အစရှိတဲ့ ပိုးမွှားများရဲ့ ဘေးအန္တရာယ်မှ ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ဖို့အတွက် TIS က အမြဲတမ်း အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။


​✅ ပိုးမွှားကင်းစင်ပြီး ပိုမိုသန့်ရှင်းလုံခြုံတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း


​✅ ရာသီဥတုအလိုက် ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ခြင်း


​✅ သားသား၊ မီးမီးတို့ ကျောင်းမှာ စိတ်လွတ်လပ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်စေခြင်း…


​အစရှိတဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပုံမှန်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ ဖေဖေ၊ မေမေတို့အနေနဲ့ သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေးအတွက် စိတ်အေးချမ်းသာစွာနေနိုင်ပီပေါ့နော်။


​”သားသား၊ မီးမီးတို့ရဲ့ တောက်ပတဲ့အနာဂတ်နဲ့ ကျန်းမာပျော်ရွှင်မှုအတွက် Bright Star English School မှ အစဥ်တစိုက် အကောင်းဆုံး ပုံဖော်ပေးလျက်ရှိပါတယ်ရှင့်… 🐧✨🏫