ကျောင်းအပြန်လမ်းမှ နွေးထွေးသော ဂရုစိုက်မှုများမှသည်... ပိုမိုယုံကြည်စိတ်ချရသောရင်နှီးမှုဆီသို့ 🏫✨
10/09/2026
Tara’s International School မှာဆိုရင် ပညာသင်ကြားပေးခြင်းအပြင် ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကိုလည်း နေ့စဥ်နှင့်အမျှအလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။
🤝 ကလေးငယ်များကို မိဘများ၊ အုပ်ထိန်းသူများ လက်ဝယ်သို့ စနစ်တကျ ကူညီပို့ဆောင်ပေးခြင်းဖြင့် မိဘများအနေနဲ့လည်း ရင်သွေးငယ်များရဲ့ လုံခြုံရေးအတွက် ရာနှုန်းပြည့် စိတ်အေးချမ်းသာစွာ ယုံကြည်အားကိုးနိုင်မှာ ဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ မျက်နှာပေါ်က အပြုံးတပွင့်စီတိုင်းနဲ့ ဆရာ၊ ဆရာမတို့ရဲ့ ဂရုစိုက်မှုတိုင်းဟာ ယုံကြည်စိတ်ချရသော ရင်းနှီးမှုမေတ္တာကမ္ဘာလေးကို ပုံဖော်ပေးနေတာပဲ ဖြစ်ပါတယ်။ 💖
ကျောင်းဆင်းချိန်မှာ ဆရာ၊ ဆရာမတွေက ကလေးငယ်တွေကို မိဘများလက်ဝယ်သို့ စနစ်တကျနဲ့ နွေးထွေးစွာ ပြန်လည်အပ်နှံပေးနေကြတဲ့ လှပသော မြင်ကွင်းလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင့်… ❤️





