Tara's International School

banner_image

❝ Gu Guu နဲ့အတူ First Term စာမေးပွဲအတွက် အတူတူ ကြိုတင်ပြင်ဆင်ကြရအောင်ဗျို့! 🐧📚✨ ❞

13/08/2026

Hello!

Gu Guu ပြန်လာပီနော်…


ကျောင်းမှာ မကြာခင် ရောက်ရှိလာတော့မယ့် First Term စာမေးပွဲကြီး အတွက် သားသား၊ မီးမီးတို့ အားလုံး အဆင်သင့် ဖြစ်နေကြပြီလားဟင်? 🎒📝


စာမေးပွဲဆိုတာကြီးကို တွေးပြီး ပူပန်နေမယ့်အစား Gu Guu လေးနဲ့အတူ အပျော်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ ပြောပြပေးမယ်နော်။


စာတွေကို စုပြုံလေ့လာပြီး မကျက်မှတ်ဘဲ နေ့စဉ် နည်းနည်းစီ ဖတ်၊ မှတ်၊ ပြုစုကြရမယ်နော် 📖✨


နောက်ဆုံးကျမှ အကုန်ပြုံပြီး စာလုပ်တာထက်စာရင် အခုကတည်းက နေ့စဉ် တနေ့စာ၊ တနေ့ဖတ်မှတ်ထားမှ ဦးနှောက်ထဲမှာ စွဲနေမှာပေါ့။


ပြီးတော့

အခုကတည်းက ကြိုတင်ပြင်ဆင်ထားရင် စာမေးပွဲနီးတဲ့ညတွေမှာ အိပ်ရေးဝဝအိပ်ပြီး ကျန်းမာမာနဲ့ မနက်ကျောင်းတက်ပြီး လန်းလန်းဆန်းဆန်းနဲ့ ဖြေဆိုလို့ရတာပေါ့။😴🌙


တီချယ်တို့ သင်ပြပေးထားတာတွေကိုလည်း ဂရုတစိုက်လေ့လာထားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ စာမေးပွဲခန်းထဲ ဝင်ကြရအောင်နော်။


ဖေဖေ၊ မေမေတို့ကလည်း စာမေးပွဲကာလလေးမှာ သားသား၊ မီးမီးတို့ စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြေဆိုနိုင်ဖို့ အိမ်မှာ အတူတူ ဝိုင်းဝန်းအားပေးကူညီပေးကြပါဦးနော်။


“ကဲ… Gu Guu နဲ့အတူ First Term စာမေးပွဲကြီးမှာ အမှတ်ကောင်းကောင်းတွေရရှိပြီး အောင်မြင်မှုများ သရဖူဆောင်းကြရအောင်ဗျို့!” 🐧🏆🩵