❝ Gu Guu ကျောင်းပြန်တက်တဲ့ ပထမနေ့ ❞
01/06/2026
Gu Guu ကျောင်းစတက်ရတဲ့ ပထမနေ့ကပေါ့။
မေမေကမေးတယ် ပထမ ဦးဆုံးရက်မှာ ပျော်လားတဲ့။
ဘယ်မေးကောင်းမလဲ? Gu Guu ကျောင်းမှာ အရမ်းပျော်တာပေါ့မေမေရယ်…
ကျောင်းပြန်ဖွင့်တဲ့ ပထမနေ့မှာ Gu Guu က သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတယ်၊ ချစ်ရတဲ့ တီချယ်တွေနဲ့လည်း ပြန်ဆုံရတယ်။ ပြီးတော့ Gu Guu သူငယ်ချင်းအသစ်တွေလည်း အများကြီးရခဲ့တယ်လေ…
Gu Guu ကလည်း ဘယ်ရမလဲ ဖေဖေ၊ မေမေတို့ ထည့်ပေးလိုက်တဲ့ မုန့်လေးတွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှစားခဲ့တာပေါ့။ Gu Guu က သူငယ်ချင်းတွေကိုချစ်တာကိုး။
တီချယ်တို့ကလည်း သင်ပေးထားတယ် လိမ်မာတဲ့ကလေးက စိတ်ကောင်းမွေးရမယ်တဲ့။ အဲ့ဒါမို့ နောက်နေ့တွေကျရင်လည်း မုန့်တွေများကြီထည့်ပေးနော် မေမေ…
ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ စာတော်ဖို့တင် မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတတ်ဖို့၊ မျှဝေတတ်ဖို့၊ ဂရုစိုက်တတ်ဖို့ဆိုတဲ့ စိတ်ထားလေးတွေကိုပါ သင်ယူရင်း ကြီးပြင်းလာဖို့ လိုအပ်ပါတယ်။
Tara’s International School မှာတော့ ကလေးတိုင်းကို ပညာရေးသာမက လူမှုဆက်ဆံရေး၊ ကိုယ်ကျင့်တရားနဲ့ ကောင်းမွန်တဲ့ စိတ်ထားလေးတွေပါ တစ်ပါတည်း ပျိုးထောင်ပေးလျက်ရှိပါတယ်။ 
ဒါကြောင့် Gu Guu တို့ရဲ့ ကျောင်းသားဘဝလေး ပျော်ရွှင်လှပဖို့ Tara’s international School က အမြဲအတူရှိနေမှာပါနော်… 





