Tara's International School

banner_image

သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေး ကြိုတင်ကာကွယ်တားဆီးပေး✨

10/06/2026

ဖေဖေ၊ မေမေတို့ရေ…


TIS မှာ သားငယ်၊ သမီးငယ်လေးတွေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပညာသင်ယူနိုင်ဖို့အတွက် ကျောင်းဝင်းတစ်ခုလုံးမှာ ခြင်နဲ့ အခြားပိုးမွှားတွေ မခိုအောင်းနိုင်အောင် ခြင်ဆေးဖျန်းခြင်း (Fogging) လုပ်ငန်းစဉ်တွေကို အစဥ်တစိုက် အလေးအနက်ထားဂရုတစိုက် ဆောင်ရွကါပေးလျက်ရှိပါတယ်နော်။🤗


သားသား၊ မီးမီးတို့ရဲ့ ကျန်းမာရေးကို TIS ရဲ့ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး


✅ ခြင်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ခြင်း


✅ သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ကျောင်းပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်း


✅ သားသား၊ မီးမီးတို့ ပျော်ရွှင်စွာ ဆော့ကစားနိုင်စေဖို့ စိတ်ပူစရာမလိုအောင် စီစဉ်ပေးခြင်း…


အစရှိတဲ့ ကြိုတင်ကာကွယ်ရေး အစီအစဉ်လေးတွေကို ပုံမှန်ပြုလုပ်ပေးနေတာမို့ ဖေဖေ၊ မေမေတို့အနေနဲ့ စိတ်အေးချမ်းသာစွာနေနိုင်ပြီး သားသား၊ မီးမီးတို့လည်း ကျန်းမာရေးကောင်းမွန်စွာနဲ့ ကျောင်းစာကို အလေးအနက်ထား သင်ယူလို့ရပီပေါ့နော်။


“ကျန်းမာတဲ့ ကျောင်းသားလေးတွေအမြဲဖြစ်နေစေဖို့အတွက် Tara International School မှ အစဥ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်… 🐧✨🏫