Tara's International School

banner_image

တုပ်ကွေး… တုပ်ကွေး… ခြင်တုပ်ရင် ကွေးကွေးလေး….

01/07/2026

မေမေ တုပ်ကွေးဆိုတာက ခြင်တုပ်ရင် ‌ပုစွန်လေးလို ကွေးသွားမှာလားဟင်… မိုးရွာလို့ Gu Guu က မိုးရေလေး တချက်ဆော့ချင်တာကို တီချယ်ကပြောတယ် မိုးရေမဆော့နဲ့ နေမကောင်းဖြစ်မယ်တဲ့။ နေမကောင်းဖြစ်တာနဲ့ တုပ်ကွေးဝင်မယ်တဲ့။😥 တုပ်ကွေးကဘာလဲလို့ Gu Guu မေးတော့ ခြင်ကိုက်ရင် ဖြစ်တဲ့ ရောဂါတဲ့။ အဲ့ဒါကို ဘာလို့ တုပ်ကွေးလို့ ‌ခေါ်တာလဲမေမေ…Gu Guu အထင်တော့ ခြင်တုပ်ရင် ကွေးသွားလို့ပဲ နေရမယ်။ Gu Guu က ဒီအကြောင်းကို မေမေ့ကို ပြောပြတော့ မေမေက ပြောတယ်… “မိုးတွင်းဆိုတော့ တုပ်ကွေးဖြစ်တတ်တယ်လေ သားသားရဲ့…ခြင်ကိုက်ခံတာများရင်လည်း သွေးလွန်တုပ်ကွေးဖြစ်ပြီး ကူးစက်လည်း မြန်တယ်တဲ့” 🤒 Gu Guu က ခြင်ကိုမကြောက်ပေမယ့် Gu Guu ရဲ့သူငယ်ချင်းတွေနေမကောင်းဖြစ်မှာတော့ ကြောက်တယ်။ အဲ့ဒါမို့ နောက်နေ့ကျောင်းရောက်တာနဲ့ သူငယ်ချင်းတွေကို သတိပေးလိုက်ပါလေရော… Gu Guu ရဲ့သူငယ်ချင်းတွေ အားလုံး ကျန်းကျန်းမာမာနဲ့ ကျောင်းကို နေ့တိုင်းလာစေချင်လိုလေ… 💙 အဲ့ဒါကြောင့် မိုးရာသီမှာ ဖေဖေ၊ မေမေတိုရော၊ Gu Guu တိုလို သားသားမီးမီးလေးတွေရော ကျန်းမာရေးကို ပိုဂရုစိုက်ပြီး ကျောင်းမှန်မှန်တက်နိုင်ကြပါစေလို Gu Guu ဆုတောင်းပေးတယ်နော်။☔️