Tara's International School

banner_image

❝ ကျောင်းမှာရော အိမ်မှာပါ ဘာတွေလုပ်သင့်လဲ? ❞

24/08/2026

Hello,

Gu Guu ပါခင်ဗျ


မတွေ့ရတာကြာပီနော်….🤗


ဒီနေ့မှာတော့…

TIS ကျောင်းမှာရော၊ အိမ်မှာပါ တက်ကြွပျော်ရွှင်ပြီး လူချစ်လူခင်များတဲ့ သားသား၊ မီးမီးလေးတွေ ဖြစ်လာဖို့အတွက် Gu Guu လေး ကျင့်သုံးနေတဲ့ Good Habits (အလေ့အကျင့်ကောင်း) လေးတွေ ကို ပြောပြပေးမယ်နော်🥰


u Guu က..

မိဘများ၊ ဆရာမများနှင့် သူငယ်ချင်းများကို တွေ့ရင် “မင်္ဂလာပါ” လို့ ပြုံးပျော်စွာ နှုတ်ဆက်ပြီး လိုအပ်တာလေးတွေရှိရင် “ကျေးဇူးတင်ပါတယ်”၊ “ခွင့်ပြုပါ” လို့ ယဉ်ယဉ်ကျေးကျေး ပြောဆိုပါတယ်။


ပြီးတော့…

ကိုယ့်ပစ္စည်းကိုယ်ဖြစ်တဲ့ စာအုပ်တွေ၊ ဘောပင်တွေကို နေရာတကျပြန်ထားပြီး မိမိရဲ့ စားပွဲခုံလေးကို အမြဲသန့်ရှင်းအောင်ထားပါတယ်။🎒:


နောက်ပီးးး

တီချယ်တို့ သင်ပြတာတွေကို စိတ်ဝင်တစား နားထောင်ပြီး မသိတာရှိရင် လက်ထောင်ပြီး ရိုသေစွာ မေးမြန်းပါတယ်။📚


ပြီးရင်လည်းးး

အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပြီး ကျောင်းဝင်းကြီး သန့်ရှင်းနေအောင် သူငယ်ချင်းတွေနဲ့အတူ ဝိုင်းဝန်းပါဝင်ပါတယ်။🧹


အိမ်ပြန်ရောက်ရင်တော့ ဖေဖေ၊ မေမေတို့ကို ကိုယ်လုပ်နိုင်တဲ့ လုပ်ငန်းလေးတွေ (ဥပမာ- ကိုယ့်ဖိနပ်ကိုယ် သပ်သပ်ရပ်ရပ်ထားတာ၊ ထမင်းစားပွဲပြင်တာ) ဝိုင်းကူပေးပါတယ်။🧺


ပြီးရင်တော့….

ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကို အရင်ပြီးအောင်လုပ်ပြီးမှ ကိုယ်ကြိုက်တဲ့ ပျော်စရာဂိမ်းလေးတွေ ဆော့ပါတယ်။⏰


ညဘက်ရောက်ရင်လည်း စောစောအိပ်ရာဝင်ပြီး နံနက်ပိုင်းမှာလည်း အိပ်ရာကနေ လန်းလန်းဆန်းဆန်းနဲ့ စောစောထပါတယ်။🛌


ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ Gu Guu ပြောချင်တာက

အစားမစားခင်နဲ့ အပြင်မှာ ဆော့ကစားပြီးတိုင်း ဆပ်ပြာနဲ့ လက်ကို သေချာဆေးကြောတဲ့ အကျင့်ကို လုပ်ပါတယ်။🧼


ဒါကြောင့်….

ဒီလိုမျိုးအလေ့အကျင့်ကောင်းလေးတွေကို Gu Guu က ငယ်ငယ်ကတည်းက လုပ်ဆောင်လာတာမို့ သားသား၊ မီးမီးတို့လည်း “ကျောင်းမှာရော၊ အိမ်မှာပါ စံနမူနာပြ ကလေးကောင်းလေးတွေ ဖြစ်အောင် Gu Guu နဲ့အတူတူ ကြိုးစားကြရအောင်ဗျို့!” 🐧🩵🌟