"Welcome Back, Our Taekwondo Champion! 🥋✨"
08/06/2026
အားလုံးပဲ မင်္ဂလာပါဗျို့…။
ဒီနေ့တော့ TIS ကျောင်းတော်ကြီးထဲမှာ တကယ့်ကို ပျော်စရာတွေ၊ ဝမ်းသာစရာတွေကြီးပဲနော်။
ဘာလို့လဲဆိုတော့… ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ 12th TIRAK TAEKWONDO INTERNATIONAL TOURNAMENT 2026 ပြိုင်ပွဲမှာ ဆုတံဆိပ် (၃) ခုနဲ့အတူ အောင်မြင်မှုများရရှိခဲ့တဲ့ Gu Guu ရဲ့ သူငယ်ချင်း Champion လေး နန်းရွှန်းမြတ်အိမ် ကျောင်းကို ပြန်ရောက်လာလို့လေဗျာ… 🥳🥋✨
ကျောင်းထဲရောက်ရောက်ချင်းပဲ သူငယ်ချင်းတွေအားလုံးက သူ့ကို ဝိုင်းပြီး –
“Congratulations နော် ဆိုပြီး ဂုဏ်ယူဝမ်းမြောက်စရာ စကားတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အပြုံးတွေနဲ့အတူ ဝန်းရံကြိုဆိုတာလေးက Gu Guu အတွက်တော့ အားကျပီတိဖြစ်စရာနေ့လေးတစ်နေ့ဖြစ်နေလို့ပါဗျာ… 🥰
Gu Guu တို့ သူငယ်ချင်းတွေရဲ့ ဒီလို ချစ်စဖွယ်ဂုဏ်ပြုနှုတ်ဆက်ပေးကြတာကလည်း နန်းရွှန်းမြတ်အိမ်အတွက်တော့ တကယ့်ကို အဖိုးတန်တဲ့ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်နေသလို နောက်ထပ် ရောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း အခုလိုပဲ ထပ်ပြီး တောက်ပနိုင်ပါစေကြောင်း Gu Guu တို့ တစ်ကျောင်းလုံးကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🌟🎉
“ကဲ… Gu Guu ရဲ့ Champion လေးကို အားလုံးပဲ အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးဗျို့… 🐧🩵🥋





