Tara's International School

banner_image

"ကမ္ဘာ့စင်မြင့်ထက်မှာ တောက်ပခဲ့တဲ့ Tara's International School မှ ကျောင်းသူလေးတစ်ဦး" 🌟🥋

06/06/2026

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် 12th TIRAK TAEKWONDO INTERNATIONAL TOURNAMENT 2026 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Falcon Taekwondo Club မှ ကျောင်းသား/သူလေးများရဲ့ စွမ်းဆောင်ရည်ကို Tara’s International School မှ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်။


Tara ကျောင်းမှ တက်ကြွစွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့သူ –

✨ နန်းရွှန်းမြတ်အိမ် သည်

Poomsae – ကြေးဆု၊

Speed Kick – ငွေဆု၊

Speed Punch – ငွေဆု တို့ကို ရရှိခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်🥰


တို့ပြင် Falcon Taekwondo Club မှ တစ်နိုင်ငံလုံးအတွက် စုစုပေါင်းဆု (၁၈) ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ လူငယ်အားကစားသမားလေးများအားလုံးကိုလည်း အထူးပင် ချီးကျူးဂုဏ်ပြုအပ်ပါတယ်ရှင့်။


အခုလို အောင်မြင်မှုရရှိရေး အတွက် အဘက်ဘက်မှ ပံ့ပိုးပေးခဲ့ကြတဲ့ Falcon TaeKwonDo Club မှ နည်းပြဆရာကြီးများ၊ ပူးပေါင်းပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ကျောင်းမိသားစုဝင်များ၊ ကျောင်းသား/သူလေးများရဲ့ မိဘများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


နောက်ထပ် တက်လှမ်းမယ့် ခြေလှမ်းတိုင်းမှာလည်း အခုထက်ပိုပြီး တောက်ပနိုင်ပါစေကြောင်း Tara’s International School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️🥋🦅


Tara’s International School is extremely proud of the outstanding achievements of the students from Falcon Taekwondo Club who represented Myanmar at the 12th TIRAK Taekwondo International Tournament 2026 held in Thailand.


Among the participants, our talented student Nann Shunn Myat Eain achieved remarkable success by winning:


🥉 Bronze Medal – Poomsae

🥈 Silver Medal – Speed Kick

🥈 Silver Medal – Speed Punch


We are truly delighted and proud of her dedication, hard work, and excellent performance on the international stage.


In addition, we would like to extend our heartfelt congratulations to all the young athletes from Falcon Taekwondo Club, who collectively brought home 18 medals for Myanmar. We would also like to express our sincere appreciation to the coaches and instructors of Falcon Taekwondo Club, the school community, and all the parents whose unwavering support and encouragement contributed to this success.


May every step you take lead to even greater achievements and brighter opportunities in the future.