✨ရင်သွေးတို့ရဲ့ အနာဂတ်လမ်းခရီးဖြောင့်ဖြူးဖို့ မိဘနှင့် ဆရာ ပူးပေါင်းလက်တွဲစို့✨
28/10/2025
✨ရင်သွေးတို့ရဲ့ အနာဂတ်လမ်းခရီးဖြောင့်ဖြူးဖို့ မိဘနှင့် ဆရာ ပူးပေါင်းလက်တွဲစို့✨
သားသား၊ မီးမီးလေးတို့၏ ပညာရေးလမ်းခရီး အောင်မြင်တောက်ပဖို့အတွက် ကောင်းကျိုးသန္ဓေတည်ရာတွင် အဓိကအခရာမှာ မိဘနှင့်ဆရာတို့က တွဲလက်ညီညီပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ပါတယ်ရှင့်။
မိဘနှင့် ဆရာ၊ ဆရာမ တို့၏ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ခြင်းသည် စစ်မှန်သော ပညာရေးမိတ်ဖက်များဖြစ်ပေါ်စေပါတယ်။
ရင်သွေးရတနာလေးတို့၏ ပညာရည်မြင့်မားတိုးတက်စေရန်အတွက် အိမ်တွင်းသင်ယူမှုကို ပံ့ပိုးပေးမည့်နည်းလမ်းများကတော့…
✔️ သားသား၊ မီးမီးတို့နှင့်အတူ နေ့စဉ်မပြတ် စာဖတ်ရှုသည့် အလေ့အကျင့်ကို ပြုလုပ်ပေးခြင်း။
✔️ စဥ်းစားတွေးခေါ်မှုကို အားကောင်းစေသည့် မေးခွန်းများကို မေးမြန်းပေးခြင်း။ (ဥပမာ- ဒီနေ့သင်ယူလေ့လာခဲ့တဲ့အကြောင်းအရာတွေထဲမှာ စိတ်လှုပ်ရှားစရာအရာက ဘာများဖြစ်မလဲ)။
✔️ နေအိမ်ပတ်ဝန်းကျင်တွင်လည်း တည်ငြိမ်အေးချမ်းသောစာကြည့်ချိန်ကို ဖန်တီးပေးခြင်း တို့ပဲ ဖြစ်ပါတယ်ရှင့်။
👩🏫 ဒါကြောင့် TIS အနေဖြင့် မိဘအုပ်ထိန်းသူများအားလုံးနှင့် တက်ကြွစွာလက်တွဲ၍ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အရည်အသွေးပိုမိုကောင်းမွန်သော ရင်သွေးရတနာလေးများကို မွေးထုတ်ပေးရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြလိုက်ရပါတယ်ရှင့်။ 🎓🎉
Parenting & School Partnership
✨ Parents and School: Stronger Together ✨
Education works best when parents and teachers are true partners.
Parents can support learning by:
✔️ Reading with your child daily
✔️ Asking open-ended questions (“What was the most interesting thing you learned today?”)
✔️ Creating a calm study routine at home
At TIS, we are proud to work hand-in-hand with parents to give every child the best start in life.





